နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံဖြိုးရေးသင်တန်းကျောင်း(ပင်လုံ)တွင် စာပေစကား ဝိုင်း ဆွေးနွေးပွဲဆောင်ရွက်

ပင်လုံ သြဂုတ် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ပင်လုံမြို့ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် စာပေစကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၀၈:၃၀) အချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ အခမ်းအနားကို နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံဖြိုးရေးသင်တန်းကျောင်း (ပင်လုံ)မှ ကျောင်းအုပ်ဆရာကြီးဦးသိန်းထွန်းက စာပေစကားဝိုင်း ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဒုတိယဦးစီးမှူး ဒေါ်အိမြတ်နိုးသူက စာဖတ်ခြင်းဖြင့် အဆိုးအကောင်း အကျိုးအကြောင်း ဝေဖန်ပိုင်းခြားတတ်ကြောင်း၊ မိမိဘဝတိုးတက်အောင် ပဲ့ပြင်ဆုံးမလမ်းပြကောင်းတစ်ခုဖြစ်တဲ့ စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုတဲ့အတိုင်း စာကောင်းပေမွန်တွေကို ဖတ်ရင်းတိုးတက်အောင် မြင်နိုင်ကြောင်း၊ စာအုပ်စာပေများလေ့လာဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတ များစွာ ရရှိစေနိုင်ကြောင်း ဟောပြော၍ ကျောင်းသား/ကျောင်းသူလေးများအား စာအုပ်များကို ဖတ်ရှုစေခဲ့ပြီးနောက် မနန်းနီလာဦးမှ ယဉ်ကျေးလိမ္မာ နီတိကဗျာများ စာအုပ်ဖြင့် လည်းကောင်း၊ မခင်စန်းဦးမှ ကြိုတင်ကာကွယ်သဘာဝဘေးအန္တရာယ် စာအုပ်ဖြင့်လည်းကောင်း၊ ခွန်မြတ်ကောင်းကျော်မှ လူငယ်နှင့် စရိုက်ဆိုး စာအုပ်ဖြင့်လည်းကောင်း အ​သီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)