ဘူးသီးတောင်မြို့နယ် လက်ဝဲဒက်ပုဇွန်ချောင်းကျောင်း၌ အားကစားအသိပညာပေး ဟောပြောခြင်း ဆောင်ရွက်

ဘူးသီးတောင် သြဂုတ် ၂၁

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် လက်ဝဲဒက်ပုဇွန်ချောင်းကျောင်း၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားအသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ညနေပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနားတွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်ဥမ္မာသန်းက အားကစားပညာရပ်များဖြစ်သော ဘောလုံးကစားခြင်းဆိုင်ရာ နည်းစနစ်များ၊ ဘော်လီဘောကစားခြင်းဆိုင်ရာ နည်းစနစ်များ၊ ပြေးခုန်ပစ်ဆိုင်ရာ နည်းစနစ်များ၊ စစ်တုရင်ကစားခြင်းနည်းစနစ်များ၊ စားပွဲတင်တင်းနစ် ကစားနည်းစနစ် များအား အသိပညာပေးဟောပြောကြားခဲ့ပြီး အလပြ (ကာယ) ဒေါ်ဇာချိုလှိုင်က PhysicalFitness Dancesအကလှုပ်ရှားမှုများဖြင့် လူငယ်များ ကျန်းမာကြံ့ခိုင်ပြီး၊ အားကစား လိုက်စားလိုစိတ်ရှိစေရန် ရည်ရွယ်၍ သရုပ်ဖေါ်ပြသကာ အားကစားပစ္စည်းများ ထောက်ပံ့ခဲ့ကြောင်း သိရသည်။

အဆိုပါ အားကစားအသိပညာပေး ဟောပြောပွဲသို့ အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်ဥမ္မာသန်းနှင့်ဝန်ထမ်းများ၊ လက်ဝဲဒက်ပုဇွန် ချောင်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆန်းရီနှင့် ကျောင်းသား/သူများစုစုပေါင်း (၁၈၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှကျော်( ပြန်/ဆက်)