မရမ်းကုန်းမြို့နယ်၌ ယာဉ်(၆၀)စီးအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းနှင့် ယာဉ်စစ်ဆေးခြင်းများဆောင်ရွက်

မရမ်းကုန်း သြဂုတ် ၂၁

ရန်ကုန်တိုင်း​​ဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်()ရပ်ကွက် ကျိုက်ဝိုင်း ဘုရားလမ်းတွင် ယ​နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့၊ မြို့နယ် စည်ပင်သာယာ​ရေးဌာနနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ စသည့်ပူးပေါင်းအဖွဲ့ဖြင့် ဖြတ်သန်းသွားလာ​နေသည့် ​​မော်​တော်ယာဉ်များ(၆၀)စီးအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ စစ်ဆေးခြင်း၊ အသိပညာပေးခြင်းနှင့် ယာဉ်စစ်​ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင်​ ယာဉ်အန္တရာယ်ကင်းဝေးစေရေး လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာအချက်များ၊ ယာဉ်မောင်းနှင်သူ တစ်ဦးလိုက်နာရမည့် စည်းကမ်းချက်များကို​ မေးမြန်းစစ်​ဆေးခြင်းနှင့် ယာဉ်စစ်​ဆေးခြင်းများ​ ဆောင်ရွက်ပြီး ယာဉ်စည်းကမ်းနှင့် လမ်းစည်းကမ်း များကို သိရှိလိုက်နာစေရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)