ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းခွင်များ အားကြည့်ရှုစစ်ဆေး

ပုသိမ်      ဩဂုတ်     ၂၁

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာများတွင် အပတ်စဉ်စနေ နေ့တိုင်း ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ၏ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူ များသည် ယနေ့ နံနက်ပိုင်းက ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်နေမှုများနှင့် တည်ဆောက်ရေးလုပ်ငန်းခွင်များ အားကြည့်ရှုစစ်ဆေး အားကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်တက္ကသိုလ်ဓမ္မာရုံ အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု၊ ရေစီးရေလားကောင်းမွန်စေရေးနှင့် အဆောက်အဦနှင့် မလွတ်ကင်းသည့် သစ်ပင်အကိုင်းအခက်များအား ခုတ်ထွင်ရှင်းလင်းနေမှုများနှင့် စက်တော်ရာဘိုးဘွားရိပ်သာဝင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် တူးဖော်နေမှုများကို ကြည့်ရှုစစ်ဆေးအားပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကိုးသိန်းမိုးလေလုံ အားကစားခန်းမတွင် တိုက်ကွမ်ဒိုနှင့် ဘတ်စကက်ဘောအားကစားသမားများ လေ့ကျင့်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ နည်းစနစ်မှန်မှန် လေ့ကျင့်စေရေးပြောကြားခဲ့သည်။ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အမှတ်(၂)ပုသိမ် တံတားအဆင်း ပုသိမ်မြို့တွင်းလမ်း (၁၁၃/၀မှ၁၁၃/၁) မိုင်အတွင်း လမ်းချဲ့၍ ကတ္တရာကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ အမှတ်(၇)၊ ရာမညရပ်ကွက်၌ ရေစီးရေလာကောင်း မွန်စေရေးတွက် ပုသိမ်မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်းဖြင့် Box Culvert  (၁၂)ခုတည်ဆောက်ခြင်း လုပ်ငန်းနှင့် မြို့နယ်လမ်းဦးစီးဌာနက တာဝန်ယူတည်ဆောက် လျက်ရှိသည့်  ၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ်၊  ပုသိမ်မြို့ရှောင်လမ်း ၄ မိုင်၇ဖာလုံ  အား လမ်းချဲ့ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း သတ်မှတ်ထားသောကာလများအတွင်း အချိန်မီပြီးစီးစေရေးအတွက် အလေးထားဆောင် ရွက်ရန်နှင့် သတ်မှတ်ထားသော စံချိန်စံညွှန်းများပြည့်မီရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ လမ်းပုခုံးများ စနစ်တကျရှိစေရေးများနှင့် လမ်းများရေရှည် တည်တံ့အောင် စနစ်တကျပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်ရေးတို့အားမှာကြားခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်သည် ကမ်းနားလမ်းရှိ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ရုံး၌ ခရိုင်အုပ်ချုပ်ရေးမှူး၊မြို့နယ်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေးအဖွဲ့များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ မြို့သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်း မွန်စေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်၊ စည်းကမ်းမဲ့အမှိုက်များ စွန့်ပစ်မှုများမရှိစေရေးအတွက် စည်ပင်သာယာရေးအဖွဲ့များသာမက ရပ်ကွက်နေ ပြည်သူများကလည်း ပါဝင်ပူးပေါင်း ဆောင်ရွက်လာစေရေး ဆောင်ရွက်ကြရန် ပြောကြား ခဲ့ပြီး တင်ပြချက်များအပေါ်  သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)