တောင်ဥက္ကလာပ ဩဂုတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် လူမှုဖူလုံရေးရုံးမှ Mobile Medical Unit (MMU) စနစ်ဖြင့် စက်ရုံ၊ အလုပ်ရုံများအရောက် နယ်လှည့်ကုသရေးယာဉ်ဖြင့် ကျန်းမာရေးစစ်ဆေး ဆောင်ရွက်ခြင်းများကို ယနေ့နံနက် (၉)နာရီအချိန် က တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်၊ Korace Limited အထည်ချုပ်စက်ရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါကျန်းမာရေးစစ်ဆေးရာတွင် သွေးပေါင်ချိန်ခြင်း၊ ကိုယ်အလေးချိန်တိုင်းခြင်း၊ သွေးလေးဖက် နာရောဂါ၊ အဆစ်အမြစ်ယောင်ရောဂါ စစ်ဆေးခြင်း၊ သွေးအုပ်စု၊ B ပိုး၊ C ပိုးနှင့် HIV ရောဂါ စစ်ဆေးခြင်းတို့ကို ၂၄.၈.၂၀၂၂ နှင့် ၂၅.၈.၂၀၂၂ (၂) ရက်ကြာ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော Korace Limited စက်ရုံရှိ အလုပ်သမား (၁၅၀၀) တို့ကို ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
စိုးဝဏ္ဏထွန်း(ပြန်/ဆက်)