မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ပြင်ဦးလွင်မြို့နယ် လူမှုရေးအသင်းအဖွဲ့များအားတွေ့ဆုံထောက်ပံ့ပွဲ အခမ်းအနားကျင်းပ

ပြင်ဦးလွင်   ဩဂုတ်  ၂၄

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ပြင်ဦးလွင်မြို့နယ် လူမှုရေးအသင်းအဖွဲ့များအား  တွေ့ဆုံထောက်ပံ့ပွဲကို  ယနေ့ နံနက် ၉ နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၅)ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊  ပြင်ဦးလွင်မြို့နယ် လူမှုရေးအသင်းအဖွဲ့များနှင့် Saints   Aloysius  သီလရှင်ကျောင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်  ဝဏ္ဏကျော်ထင် ဦးမောင်ကိုမှ အဖွင့်အမှာ စကားပြောကြားပြီး  မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ပြင်ဦး လွင်မြို့နယ်အတွင်းရှိ  လူမှုရေးအသင်းအဖွဲ့များနှင့်   Saints   Aloysius  သီလရှင်ကျောင်းမှ တာဝန်ရှိသူတို့အား  အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး   ပြင်ဦးလွင်မြို့နယ် လူမှုရေးအသင်းအဖွဲ့များကိုယ်စား  ပြင်ဦးလွင်(အခမဲ့ )နာရေး ကူညီမှုအသင်း (ဗဟို)  ဥက္ကဋ္ဌ  ဦးထွန်းထွန်းက  ကျေးဇူးတင်စကား‌ ပြောကြားခဲ့ပြီးခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ခေတ္တ ဥက္ကဋ္ဌ  ဦးသန့်ဇော်ဦးက  ဂဲလောင်းချောင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်မှုအခြေအနေအား အ‌သေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီးနောက်မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီး ချုပ်  ဝဏ္ဏကျော်ထင် ဦးမောင်ကိုမှ တင်ပြချက်များအပေါ် ထပ်မံရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ 

ခရိုင်(ပြန်/ဆက်)