တနင်္သာရီ ဩဂုတ် ၂၄
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်တွင် ၂၀၂၂-၂၀၂၃ခု၊ ပညာသင်နှစ်အတွင်း ချောင်းလမု ကျေးရွာအုပ်စု-ချောင်းလမုကျေးရွာရှိ ယခင်အခြေခံပညာအလယ်တန်းကျောင်းမှ အထက်တန်းကျောင်း(ခွဲ)အဆင့်သို့ အဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က အဆိုပါကျောင်း အတွင်း၌ကျင်းပပြုလုပ်ရာအခမ်းအနားသို့ ချောင်းလမုရွာ ဓမ္မရက္ခိတကျောင်းတိုက်ဦးစီးပဓာနဆရာ တော် ဘဒ္ဒန္တသုမန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန့်နိုင်ဝင်း၊ မြို့နယ် ပညာရေးမှူးဦးခင်ဇော်နှင့် ဖိတ်ကြားထားသောဌာနဆိုင်ရာ အကြီးအကဲများ၊ အထက(ခွဲ)ချောင်း လမုရွာ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်မိစန်းစန်းသက်နှင့်ဆရာ/မများ၊ ကျောင်းအကျိုး တော်ဆောင်များ၊ မိဘဆရာအသင်းဝင်များ၊ ရပ်မိ/ရပ်ဖများ၊ ကျောင်းသားမိဘများနှင့် ကျောင်း သား/သူများ စုံညီစွာတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)-ချောင်းလမုကျေးရွာ ဆိုင်းဘုတ်ကို ဓမ္မရက္ခိတ ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တသုမန၊ မြို့နယ်ပညာရေးမှူး ဦးခင်ဇော်၊အထက-တနင်္သာရီကျောင်းအုပ်ဆရာ ကြီးဦးအေးနိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်နိုင်ဝင်း၊ရပ်မိ/ရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် တာဝန်ခံကျောင်းအုပ်ဆရာမကြီးတို့က ကျောင်းဆိုင်းဘုတ်အား အမွှေးနံ့သာများပက်ဖျန်း၍ မေတ္တာပို့သဆုတောင်းပေးကြကြောင်း သိရသည်။
ဆက်လက်၍ အထက်တန်းကျောင်း(ခွဲ)အဆင့်သို့ အဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲအခမ်းအနားကို ကျောင်းဆောင်သစ်အတွင်း ကျင်းပရာ ရှေးဦးစွာမြို့နယ်ပညာရေးကြီးကြပ်မှူကော်မတီဥက္ကဋ္ဌ(ကိုယ်စား) ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်နိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားပေးသည်။
ထို့နောက် မြို့နယ်ပညာရေးမှူးဦးခင်ဇော်က ချောင်းလမုရွာ-အလယ်တန်းကျောင်းအဆင့်မှ အထက်တန်းကျောင်း(ခွဲ)အဆင့်သို့တိုးမြှင့်ခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ အထက-တနင်္သာရီ ကျောင်းအုပ်ဆရာကြီးဦးအေးနိုင်က ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း အမှာစကားများ ဆွေးနွေးပြောကြားပေးသည်။
ယင်းနောက် ဆရာတော်ဘဒ္ဒန္တသုမန၊ ချောင်းလမုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသောင်းစိုးနှင့် ကျောင်းသားမိဘများ၏ ကိုယ်စားဦးစိုးဝင်း တို့ကကျေးဇူးတင်ဝမ်းမြောက်ပီတိစကားများ အသီးသီးပြောကြားပြီး စုပေါင်းအမှတ်တရဓါတ်ပုံရိုက်ကြကာ အခမ်းအနားကို နံနက် ၁၀ နာရီအချိန်တွင် အောင်မြင်စွာပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါ ချောင်းလမုကျေးရွာအုပ်စုတွင် ကျေးရွာခွဲ(၅)ရွာရှိသည်။ အိမ်ထောင်စု(၁၂၀၀)ကျော်ရှိပြီး လူဦးရေပေါင်း(၅၅၀၀)ဦးခန့်ရှိကာ ယခုအခါ ၎င်းရွာကျောင်းကို အထက်တန်းကျောင်း(ခွဲ) အဆင့် သို့ တိုးမြှင့်ဖွင့်လှစ်နိုင်ပြီဖြစ်သဖြင့် အခြားအရပ်ဝေးရှိကျောင်းများသို့ ခက်ခဲစွာသွားရောက်သင် ကြားနေသည့် အထက်တန်းအဆင့် ကျောင်းသား/သူများအနေဖြင့် မိမိကျေးရွာကျောင်းတွင် အိုးမကွာ/အိမ်မကွာ မိဘများနှင့်အတူ အေးချမ်းစွာ အထက်တန်းပညာကို ဆက်လက်သင်ယူခွင့် ရရှိတော့မည်ဖြစ်၍ ကျောင်းသား/သူများနှင့် မိဘများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများက အထူးပင်ကျေးဇူးတင်ဝမ်းမြောက်လျက်ရှိကြကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)