ကော့မှူး ဩဂုတ် ၂၄
ပြည်သူများစာပေမှရရှိသည့်အတွေးအခေါ် ဗဟုသုတများစွာရရှိစေရန်နှင့် စာအုပ်စာစောင်များ ပြည်သူများလက်ဝယ်အရောက် လေ့လာဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်တောင်ပိုင်းရပ်ကွက် မြို့နယ်သမဝါယမဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
စာအုပ်စာစောင်များငှားရမ်းပေးရာတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများဗဟုသုတရရှိစေမည် စာအုပ်အသစ်များကို ငှားရမ်းပေးခဲ့ပြီး ယခင်ငှားရမ်းထားသောစာအုပ်များအား ပြန်လည်သိမ်းဆည်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ရပ်ကွက်များ၊ ကျောင်းများနှင့်ဌာနဆိုင်ရာရုံးများအရောက် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် အလှည့်ကျသွားရောက် ငှားရမ်းပေးခဲ့ပြီး ပြည်သူများဗဟုသုတရရှိစေရန် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများ၊ ကလေးများအတွက် ပုံပြင်ပြောခြင်းများကို Online မှတဆင့် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)