ဗိုလ်တထောင် ဩဂုတ် ၂၄
ဗိုလ်တထောင်မြို့နယ် ကမ်းနားလမ်း ကွန်တိန်နာဝန်းတွင် ယမန်နေ့နံနက် (၁၀) နာရီခွဲက အမှတ် (၃၃) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးဆန်းညွှန့်ဦး ဦးဆောင်၍ ကွန်တိန်နာကြီးကြပ်သူ ဂိတ်မှူး၊ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဗိုလ်တထောင်မြို့နယ် အမှတ်(၃၃)ယာဉ် ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးဆန်းညွှန့်ဦး၊ မြို့ နယ်ရဲတပ်ဖွဲ့ရဲမှူး ဝင်းကိုကိုနှင့် စည်ပင်လမ်း တံတားလက်ထောက် အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်ကို တို့သည် ကွန်တိန်နာယာဉ်များ ကမ်းနားလမ်း၊ ကုန်သည်လမ်း၊ ဗိုလ်တထောင်ဈေးလမ်းနှင့် စန္ဒကူးလမ်းတို့တွင် ကွန်တိန်နာယာဉ်များ စည်းကမ်းမဲ့ရပ်နားခြင်း၊ စည်းကမ်းမဲ့အမှိုက်ပစ်ခြင်းတို့ကို မပြုလုပ်ကြရန် ဟောပြောခဲ့ကြပြီး ဟောပြောပွဲအပြီးတွင် အမှတ်(၃၃)ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ အဆိုပါဟောပြောပွဲသို့ ကွန်တိန်နာယာဉ်ကြီးကြပ်သူ ဂိတ်မှူး၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၃၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းသိန်း(ဗိုလ်တထောင်)