နတ်မောက်မြို့နယ်ရှိ ချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀) စိုက်ပျိုးထားသည့် မျိုးစေ့ထုတ်ဇုံကျေးရွာများအား ကွင်းဆင်းကြည့်ရှု

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်) ချည်မျှင်ရှည်ဝါတိုးတက်ထုတ်လုပ်ရေး စီမံကိန်း ဒါရိုက်တာနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိတို့မှ ချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀) စိုက်ပျိုးထားသည့် မျိုးစေ့ထုတ်ဇုံကျေးရွာများအား ယမန်နေ့က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

မြိတ်မြို့နယ် ဝါကုန်းကျေးရွာတွင် ကျပ်သန်း(၁၀၀)ကျော်ဖြင့် ကျေးရွာကုန်ထုတ်လမ်း ဆောင်ရွက်ပေး

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် သမုတ်ကျေးရွာအုပ်စု ဝါကုန်းကျေးရွာတွင် ဒေသခံပြည်သူများ၏ စိုက်ပျိုးသီးနှံများကို လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ကျေးရွာကုန်ထုတ်လမ်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျပ်သန်း (၁၀၀) ကျော်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။

ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေး ထိုးကွင်းဆင်းအဖွဲ့များက ဩဂုတ် ၁၅ရက်နေ့မှစ၍ မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများ အရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose)ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ဓနုဖြူမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အ.ထ.က(၂)ဓနုဖြူ၊ ပညာ့ဗိမာန်ခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကော့သောင်းမြို့၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ကော့သောင်းခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ကြီးကြပ်ကာ စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအား ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အောင်သုခရပ်ကွက်၊ သဲတန်းဈေး အရှေ့၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

မုဒုံမြို့နယ်  ကျုံဖိုက်ကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေကျပ် သိန်း(၁၀၀) ဖြင့် ကျုံဖိုက်ကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီးဖြစ်ကြောင်း သိရသည်။

ပန်ဝါမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင် ပြပွဲကျင်းပ

ကချင်ပြည်နယ်၊ ပန်ဝါမြို့ အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ ကျောင်းသား/သူ လူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီက ကျင်းပခဲ့သည်။

လိပ်သိုမြို့တွင် မျိုးရိုးဗီဇပြောင်း အိုမီခရွန်နှင့် မျိုးစိတ်အသစ်BA.4 နှင့် BA.5 များကို ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများဆောင်ရွက်

ကရင်ပြည်နယ်၊ဘားအံခရိုင်၊လိပ်သိုမြို့တွင် မျိုးရိုးဗီဇပြောင်း အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်  BA.4 နှင့် BA.5 များကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက် ၈ နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များအတွင်း Hand Speaker ဖြင့်လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ကျိုက်ထိုမြို့နယ်၊ ကျူ​ချောင်​ကျေးရွာ အ​ခြေခံပညာအထက်​တန်းကျောင်းရှိ (၂၄၀×၄၀) ​ပေ Steel Structure ပညာဒါန ​ နှစ်ထပ်ကျောင်း​ဆောင်သစ် ​ပေးအပ်လှူဒါန်းပွဲ အခမ်းအနား တက်​ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်၊ ဇွဲကပင်ဆရာ​တော် ဗဟုဇနဟိတဓရ (ဓမ္မကထိက)၊ အဂ္ဂမဟာ သဒ္ဓမ္မ​ဇောတိကဓဇ၊ ဘဒ္ဒန္တကဝိဓဇ ဆရာ​တော်ကြီးမှ ​ကျပ်သိန်း(၃၄၆၅)ဖြင့် ဆောက်လုပ်လှူဒါန်းသည့် ကျိုက်ထိုမြို့နယ်၊ ကျူ​ချောင်​ကျေးရွာ အ​ခြေခံပညာအထက်​တန်းကျောင်းရှိ (၂၄၀× ၄၀) ​ပေ Steel Structure ပညာဒါန ​ နှစ်ထပ်ကျောင်း​ဆောင်သစ် ​ပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်​ရောက်ခဲ့ပါသည်။

ဟင်္သာတမြို့နယ်တွင် ကျောင်းသားလူငယ်များ ဉာဏစွမ်းရည် မြှင့်မားစေရန် ပြိုင်ပွဲများ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာနနှင့် မြို့နယ်ပညာရေးဋ္ဌာနတို့ ပူးပေါင်း၍ ဉာဏစွမ်းရည် ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ခရိုင်ပြန်ဆက်ရုံးရှိ လူထုအခြေပြုဗဟိုဋ္ဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
Subscribe to