မြင်းခြံမြို့တွင် လူမှုဗဟုသုတ အသိပညာပေးဟောပြောပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က အသိပညာဗဟုသုတရရှိစေရန်အတွက် ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုက်လတ် အ.မ.က(၅)၌ လူကုန်ကူးမှုအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ယနေ့ မွန်းလွဲ (၁)နာရီခွဲအချိန်ခန့်က ကျိုက်လတ်မြို့နယ် အမှတ်(၅) အခြေခံပညာမူလတန်းကျောင်းတွင် လူကုန်ကူးမှုအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ လူငယ်များ၏ ဗလငါးတန်မြင့်မားလားစေရေး စာပေစကားဝိုင်းကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ လူငယ်များ၏ ဗလငါးတန်မြင့်မားလာစေရေး၊ စာဖတ်ရှိန်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်ကာ ဩဂုတ်လ၂၆ရက် နံနက် ၉နာရီအချိန်က  စာပေစကားဝိုင်းကျင်းပပြုလုပ်သည်။

အင်တာနက်အသုံးပြုသူများ၏ လုံခြုံရေးအသိပညာနည်းပါးမှုကြောင့် သတင်းအချက်အလက်များ ပေါက်ကြားမှု အသိပညာပေးဆွေးနွေးပွဲကျင်းပ

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ အင်တာနက်အသုံးပြုသူများ၏ လုံခြုံရေးအသိပညာနည်းပါးမှုကြောင့် သတင်းအချက်အလက်များ ပေါက်ကြားမှုဖြစ်ပေါ်ခြင်း အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ်တွင် ဘိလိယက်နှင့် စနူကာပြိုင်ပွဲတွင် တံခွန်စိုက်ဆုရ အားကစားသမားများအား ဂုဏ်ပြုပွဲကျင်းပ

၂၀၂၂ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဘိလိယက်နှင့် စနူကာပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလား ရရှိခဲ့သည့် ဗိုလ်တထောင်မြို့နယ် အားကစားသမားများအား ဂုဏ်ပြုပွဲ အခမ်းအနားကို ယမန်နေ့ညနေ (၃)နာရီတွင် ဗိုလ်တထောင်မြို့နယ် အမှတ်(၉)ရပ်ကွက်၊ ၄၅လမ်း၊ YMCA ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကုက္ကိုပင်လဲကျကာ နေအိမ်တဲ(၃)လုံး ပျက်စီး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ချောင်းဝပိုင်းရပ်ကွက် (၁၃)လမ်းတွင် ယနေ့မွန်းလွဲ (၁) နာရီ (၁၅)မိနစ်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကုက္ကိုပင်လဲကျကာ နေအိမ်တဲ (၃)လုံးမျက်နှာစာ ပျက်စီးခဲ့ကြောင်း သိရသည်။

ပဲခူးမြို့တွင် (၂၃)ကြိမ်မြောက် တိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပ‌ရေး ခရိုင်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပဲခူးမြို့တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု တိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ခရိုင်အလိုက် ဝင်ရောက်ယှဉ်ပြိုင်မည့်သူများအား GTI ကျောင်း(၃)ထပ်တွင် နေရာချထား‌ရေး ဆောင်ရွက်ရန်အတွက် ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပန်းတနော်မြို့နယ်တွင် ရှေးဦးပြုစုခြင်း သိကောင်းစရာ အသိပညာပေး (Talk Show) ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ရှေးဦးပြုစုခြင်း သိကောင်းစရာ အသိပညာပေး Talk Show ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုညှိနှိုင်း အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပနိုင်ရေး အကြိုညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပသည်။

ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဋ္ဌေး ကမာရွတ်မြို့နယ်အတွင်း ရွေ့လျားစျေးကားဖြင့် စျေးရောင်း ချပေးနေမှု ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှုးများနှင့်အတူ ယနေ့နံနက်ပိုင်း က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to