နွားထိုးကြီး ဩဂုတ် ၂၆
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ အင်တာနက်အသုံးပြုသူများ၏ လုံခြုံရေးအသိပညာနည်းပါးမှုကြောင့် သတင်းအချက်အလက်များ ပေါက်ကြားမှုဖြစ်ပေါ်ခြင်း အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်လှစန်းခင်မှ မိုးဦးကျကာလတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ပါ၊ မြို့နယ်ပညာရေးမှူးရုံးမှ ဦးသန်းဇော်က ဉာဏ်ရည်မြင့်မားတိုးတက်ဖို့ စာပေဖတ်မှတ်လေ့လာစို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးတင့်လွင်ဦးမှ လူမှုကွန်ရက်အသုံးပြု၍ သတင်းအချက်အလက်ပေါက်ကြားမှုမရှိစေရေး ဝိုင်းဝန်းဆောင်ရွက်ပေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအုပ်တင်အောင်လင်းမှ အင်တာနက်အသုံးပြုသူများ၏ လုံခြုံရေးအသိပညာနည်းပါးမှုကြောင့် သတင်းအချက်အလက်များ ပေါက်ကြားမှုဖြစ်ပေါ်ခြင်း ခေါင်းစဉ်တို့ဖြင့် အကျယ်တဝင့် အသိပညာပေးဆွေးနွေးခဲ့ကြ သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အင်ကြင်းခင်ဇော်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မိသားစုဝင်များတက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော် (ပြန်/ဆက်)