ကမာရွတ် သြဂုတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှုးများနှင့်အတူ ယနေ့နံနက်ပိုင်း က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် အမှတ်(၇)ရပ်ကွက်ရှိ စည်ပင်ရဲဝင်းရှိအိမ်ရာဝင်းအတွင်း၌ ရွေ့လျားစျေးကား (Mobil Market) စနစ်ဖြင့် ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ ပုဇွန် အမျိုးမျိုးတို့ကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှု့ကို သွားရောက်ကြည့်ရူ့စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
စိမ်းလဲ့(ပြန်ဆက်)