အိမ်မဲမြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကုက္ကိုပင်လဲကျကာ နေအိမ်တဲ(၃)လုံး ပျက်စီး

အိမ်မဲ သြဂုတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ချောင်းဝပိုင်းရပ်ကွက် (၁၃)လမ်းတွင် ယနေ့မွန်းလွဲ (၁) နာရီ (၁၅)မိနစ်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကုက္ကိုပင်လဲကျကာ နေအိမ်တဲ (၃)လုံးမျက်နှာစာ ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါပျက်စီးသွားသော နေအိမ် (၃)လုံးရှိ မိသားစုဝင်များအား နေအိမ်များ ပြုပြင်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးမှ တစ်အိမ်ထောင်လျှင် (၂၀၀၀၀)ကျပ်နှုန်း၊ မြို့နယ်ကြက်ခြေနီ အသင်းမှ (Hygiene Parcel)မိသားစုသုံးပစ္စည်း (၁၁)မျိုး၊ (Dignity Kit) အမျိုးသမီးသုံးပစ္စည်း (၁၁)မျိုး၊ အလှူရှင် ခင်ဘိုဘိုနှင့် ခင်စန်းအေးတို့မှ တစ်အိမ်ထောင်လျှင် (၁၀၀၀၀)ကျပ်နှုန်း ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူများမှ နီးစပ်ရာဆွေမျိုးများအိမ်တွင် ယာယီနေထိုင်နိုင်ရေး ဆောင်ရွက်ပေးထားကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)