ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်မှု လွှမ်းခြုံနိုင်ရေး Booster (Covid Shield) အား အရှိန်အဟုန်မြှင့် ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်တွင် ယနေ့နံနက် ၉နာရီ က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံနိုင်ရေးအတွက် ကာကွယ်ဆေးထိုးပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အားကစားနည်းပေါင်းစုံတွင် ကရင်ပြည်နယ်ကိုယ်စားပြုပြီး နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်သည့် အားကစားသမားကောင်းများစွာ ပေါ်ထွန်းလာစေရေး ကြိုးပမ်းဆောင်ရွက်ကြစေလို

ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပီတန်းအားကစားနည်း၌ တတိယဆုရရှိခဲ့သော နိုင်ငံ့ဂုဏ်ဆောင်အားကစားသမား နှင့် ၂၀၂၂-ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့သော အုပ်ချုပ်သူ၊ နည်းပြအဖွဲ့နှင့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်သည့်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

ရွှေဘိုခရိုင်ရုံး (Community Centre) ခန်းမတွင် မုန်တိုင်း​ဘေးအန္တရာယ်အ​ကြောင်း အသိပညာပေး (Talk Show) ကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် မုန်တိုင်း​ဘေးအန္တရာယ်အ​ကြောင်း အသိပညာ‌ပေး (Talk Show) ကို ယနေ့နံနက် ၁၁ နာရီအချိန်က ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

တောင်သာမြို့တွင် အခြေခံလူတန်းစားများစားသုံးဆီဖူလုံစေရေး ဆီကုန်သည်ကြီးများအသင်းမှ ဈေးနှုန်းချိုသာစွာဖြင့်ဆက်လက်ရောင်းချပေး

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် အခြေခံလူတန်းစားများ စားသုံးဆီ ဖူလုံစေရေးအတွက် အမှတ်(၆)ရပ်ကွက် ဦးအာလောကလမ်းဘေး၌ ယနေ့နံနက် ၈ နာရီအချိန်မှ စတင်၍ စားအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မန်ကန်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ်ထိုးနှံရန် ကျန်ရှိသော ဒေသခံပြည်သူများအား ထပ်မံထိုးနှံပေးခြင်းနှင့် ကျောင်းနေရွယ်ကလေးများအား သန်ချဆေးတိုက်ကျွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ်ထိုးနှံရန်ကျန်ရှိသော ဒေသခံပြည်သူများအား ထပ်မံထိုးနှံပေးခြင်းနှင့် ကျောင်းနေရွယ်ကလေးများ သန်ချဆေးတိုက်ကျွေးခဲ့ကြောင်း သိရသည်။

တောင်သာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ အားကစားလေ့ကျင့်ရေးပစ္စည်းများနှင့် အလှူငွေပေးအပ်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ဗိုလ်ကြီးဒေါ်ကြည်နွယ်ဦး(ငြိမ်း) မိသားစုနှင့်သီဟသုဓမ္မမဏိဇောတဓရ ဦးကျော်စွာထွဋ်၊ ဒေါ်ပိုးဖြူ (Shining Myanmar Co.,Ltd) တို့မှ လှူဒါန်းသည့် အားကစားလေ့ကျင့်ရေးပစ္စည်းများနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ ဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးရုံးအစည်းအဝေးခန်းမတွင် ကျင်းပသည်။

သရက်ချောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ်မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင် သူလယ်သမားများအား ၂၀၂၂-ခုနှစ် မိုးစပါး စိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း ကစတင်၍ တီတွတ်ပြင်ကျေးရွာ၊ ဆင်ကူးကျေးရွာ၊ လဘကျေးရွာနှင့် ကျွဲမင်းကုန်းကျေးရွာရှိ တောင်သူများအား အဆိုပါ မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ်၌ စိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်း၊ အလယ်တန်း ပညာရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားနှင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ၊ ထောက်ပံ့ ပစ္စည်းများ လှူဒါန်းပေးအပ်ပွဲအခမ်းအနား

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်း၊ အလယ်တန်း ပညာရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနား နှင့် ထူးချွန် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ၊ ထောက်ပံ့ပစ္စည်းများ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း ကုမုဒြာခန်းမတွင် ယနေ့ နံနက် ၁၀:၃၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မအီမြို့တွင် ကမ်းရံပိုက်ဖြင့် ငါးဖမ်းကြသူများ အဆင်ပြေလျက်ရှိ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ကမ်းရံပိုက်ဖြင့် ငါးဖမ်းကြသည့် တံငါလုပ်ငန်းရှင်များမှာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ရေလုပ်ငန်းများ လုပ်ကိုင်ကြသည့် အမှတ်(၃)ရပ်ကွက်နေ ပြည်သူများမှ သိရသည်။
Subscribe to