ကျိုက်လတ် အ.မ.က(၅)၌ လူကုန်ကူးမှုအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

ကျိုက်လတ် ဩဂုတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ယနေ့ မွန်းလွဲ (၁)နာရီခွဲအချိန်ခန့်က ကျိုက်လတ်မြို့နယ် အမှတ်(၅) အခြေခံပညာမူလတန်းကျောင်းတွင် လူကုန်ကူးမှုအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က လူကုန်ကူးမှုပုံစံအမျိုးမျိုးနှင့် လူကုန်ကူးမှုဖြစ်ပွားနိုင်သည့် အခြေခံအချက်များ၊ မြန်မာနိုင်ငံနှင့် လူကုန်ကူးမှုပြဿနာများအကြောင်းကို ဟောပြောခဲ့သည်။ ထို့နောက် လူကုန်ကူးမှုနှင့်သက်ဆိုင်သည့် အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါလူကုန်ကူးမှုအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲသို့ အ.မ.က(၅)မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရီရီမြင့်(ပြန်/ဆက်)