ဂွမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်ဌာနဆိုင်ရာများသို့  မီးဘေးလုံခြုံရေး ကွင်းဆင်း စစ်ဆေး

ရခိုင်ပြည်နယ် ဂွမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာ ရုံးများသို့ မီးဘေးလုံခြုံရေး စစ်ဆေးအကြံပြုခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူရေးလုပ်ငန်းမှ ဝန်ထမ်းများက ယမန်နေ့၊ နေ့လည်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် မကွေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယမန်နေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊မကွေးမြို့နယ်ရုံးမှ ဝန်ထမ်းများက ဒဟန်ကန်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးနေမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ကျေးရွာအတွင်းရှိ အိမ်ထောင်စုများအား တစ်အိမ်တက်တစ် အိမ်ဆင်း အိမ်ထောင် စုစာရင်း စစ်ဆေးမှုအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု ဆက်လက်ဆောင်ရွက်

ကျောင်းသားလူငယ်တစ်ရပ်လုံးတွင် ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံများ (Healthy Life Styles) သိရှိကျင့်သုံးစွဲမြဲစေပြီး ကျန်းမာရေး အဆင့်အတန်း မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကျောင်းကျန်းမာရေးရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် ဩဂုတ်လရောက်တိုင်း သတ်မှတ်ဆောင်ရွက်လျက်ရာ အုတ်ဖိုမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ယမန်နေ့က အုတ်ဖိုမြို့နယ်၊  အ.ထ.က (ခွဲ)လွှစင်တွင် အသိပညာပေး ဟောပြောခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လေးဆူဓါတ်စံ ရွှေစာရံစေတီရင်ပြင်တော်ဝန်းကျင် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့၏ကျက်သရေဆောင် လေးဆူဓါတ်စံ ရွှေစာရံစေတီတော်ရင်ပြင်တော် ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းကာ ယနေ့နံနက် ၇ နာရီအချိန်ခန့်က စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။

လားရှိုးမြို့ ပြည်ထောင်စုအားကစားကွင်းတွင် Synthetic Full P.U ပြေးလမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ၊ ပြည်ထောင်စုအားကစားကွင်းတွင် ယမန်နေ့နံနက်(၉)နာရီ အချိန်က Synthetic Full P.U ပြေးလမ်းသစ်ဖွင့်ပွဲနှင့် ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ကျောင်းပေါင်းစုံ ပြေး/ခုန်/ပစ် ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

မကွေးမြို့ အ.ထ.က(၂)တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ကျောင်းသား/သူ လူငယ်များ အားလပ်ချိန်များအား အကျိုးရှိစွာ အသုံးပြုတတ်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က မကွေးမြို့ အ.ထ.က(၂)ကျောင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနမှ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်ရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ဆား၊ပဲများ ဆက်ကပ်လှူဒါန်း

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးတော်မူကြသော ဝါဆိုသံဃာတော်များနှင့် သီလရှင်ဆရာ ကြီးများအား ဝါတွင်းကာလအတွင်း ဆွမ်းအခက်အခဲ အဆင်ပြေစေရန်အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်းပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ဟိုပန်မြို့နယ်၊ (၃၁)ဘုံ စေတီကုန်းဗဟိုသာသနာပြုကျောင်းတိုက်သို့ သွားရောက်၍ ဆက်ကပ်လှူဒါန်းခဲ့သည်။

ကန်ကြီးထောင့် မြို့အထက(၁)၌ အနာဂတ်ကြယ်ပွင့် ကလေးငယ်များ ဘ၀အလင်း ထွန်းတောက်လာစေဖို့ စာသင်ကျောင်းများ အရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ မြို့နယ်ဦးစီးအရာရှိနှင့်ဝန်ထမ်းများက  ပညာရေးဌာနနှင့်ပူးပေါင်း၍ မအားလပ်၍စာကြည့်တိုက်သို့ မလာရောက်နိုင်သော အနာဂတ်ကြယ်ပွင့်ကလေးငယ်များ ဘ၀အလင်းထွန်းတောက်လာစေဖို့ စာသင်ကျောင်းများအရောက်သွားရောက်၍   စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန်လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်း ဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေး တို့အတွက် ရွေ့လျားစာကြည့်တိုက်  (Mobile Library ) အား ယမန်နေ့နေ့လည်အချိန်က  အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်းသို့  သုတ ရသစာအုပ် စာစောင်မျိုးစုံယူဆောင်၍ သွားရောက် ငှားရမ်းပေးခဲ့သည်။  

မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး Talk Show ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ယာဥ်စည်းကမ်း လမ်းစည်းကမ်း  အသိပညာပေး Talk Show ကို ယမန်နေ့နံနက်  ၁၁ နာရီ အချိန်၌ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေခံပညာမူလတန်းလွန်(စံပြ)ကျောင်းတွင်အသိပညာပေးဟောပြောခြင်းများဆောင်ရွက်

 ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က အခြေခံပညာ မူလတန်းလွန်(စံပြ)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
Subscribe to