ဆီဆိုင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကာ ယနေ့နံနက် ၉ နာရီက ဘုရားဖြူ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ကာလိမြို့ စာအုပ်စာပေချစ်မြတ်နိုးသူ အသင်းအဖွဲ့မှ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းနှင့် အသိပညာပေးနံရံကပ်စာ စောင်ဆောင်ရွက်ပြသ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာ Community Centre ခန်းမ၌ စာအုပ်စာပေချစ်မြတ်နိုးသူ အသင်းအဖွဲ့တို့က ယနေ့နံနက် (၁၀)နာရီအချိန်ခန့်တွင်  စာရေးဆရာ အောင်သင်းရေးသားထားသည့်

ရေစကြိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် စာဖတ်ဝိုင်းကျင်းပ

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ယနေ့နံနက် ၉ နာရီအချိန်က စာပေဝါသနာရှင်များနှင့် စာရေးဆရာ ပေါက်ပေါက်၏ ကင်ဆာဘေးဝေးကျပါစေစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လားရှိုးမြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေများပေးအပ်ပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေများပေးအပ်ပွဲအခမ်းအနားကို ဩဂုတ်လ(၂၆)ရက်နေ့နံနက်(၁၁)နာရီအချိန်က လားရှိုးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဝေါမြို့နယ်၌ မိုးစပါးစိုက်ပျိုးပြီးစီးမှု အခြေအနေနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ မိုးစပါးစိုက်ပျိုးပြီးစီးမှု အခြေအနေနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ခန်းမတွင် ကျင်းပသည်။

မိုင်းရယ်၌ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲပြုလုပ်

ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီက မိုင်းရယ်မြို့ အခြေခံပညာမူလတန်းလွန်ကျောင်း (တပ်တွင်း)တွင် လူကုန်ကူးမှုအန္တရာယ်အသိပညာပေး ဟောပြောပွဲကို

ကချင်ပြည်နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူ (IDPs)များအား မြို့နယ်အလိုက် နယ်မြေဒေသ များပေးပို့နိုင်ရေးနှင့် ပြည်နယ်အတွင်း ခရိုင်အခြေပြု စိုက်ပျိုး၊ မွေးမြူရေး တွဲဖက်အထက်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကချင်ပြည်နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူ (IDPs)မိသားစုများအား မိုးရာသီအကုန် ပွင့်လင်းရာသီတွင် ပြန်လည်နေရာချထားပေးနိုင်ရေး အတွက် ပြန်လည်နေရာချထားပေးမည့် နယ်မြေဒေသ (မြို့နယ်အမည်) အား ပေးပို့နိုင်ရေးနှင့် လုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော် နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့် ကော်မတီအဖွဲ့ဝင်များ၊ သာဘာရေးအသင်း အဖွဲ့များ၊ NGO အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနက ကယားပြည်နယ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ လှူဒါန်း

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကယားပြည်နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများရှိ သံဃာတော်များ ဝါတွင်းကာလ ဆွမ်း၊ ကွမ်း၊ အဆင်ပြေစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုး ဆက်ကပ်လှူဒါန်းလျက်ရှိရာ ကယားပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးသန့်ဇင်နှင့်ဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့၊ ထေးသမရပ်ကွက်၊ ကန္တရဝတီဘုန်းကြီးကျောင်း ဆရာတော်ကြီးထံသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်းကြသည်။

လက်ပံတန်းမြို့၌ မြစ်မခမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ဆောင်ရွက်

ပဲခူးတိုင်းဒသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက ငါးထုတ်လုပ်မှု တိုးတက်စေရန်၊ ငါးသယံဇာတများ ပေါများကြွယ်ဝစေရေးနှင့် ငါးရိက္ခာဖူလုံစေရန်ရည်ရွယ်၍ မြစ်မခမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို မိုးအိုင်ကျေးရွာ၌ ယနေ့ နံနက်ပိုင်းက ကျင်းပ ခဲ့သည်။

ကျိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှုန်မြှင့်တင်ရေး ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ပေါ်ထွန်းလာစေရေး စာဖတ်ရှိုန်မြှင့်တင်ရေး ဟောပြောပွဲကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to