မြင်းခြံမြို့တွင် လူမှုဗဟုသုတ အသိပညာပေးဟောပြောပွဲပြုလုပ်

မြင်းခြံ ဩဂုတ် ၂၆

န္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် နာရီခွဲအချိန်က အသိပညာဗဟုသုတရရှိစေရန်အတွက် ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က လူမှုကွန်ရက်အသုံးပြု၍ သတင်းအချက်အလက် ပေါက်ကြားမှုမရှိစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့ ဒုရဲအုပ်ရဲနိုင်က လူမှုကွန်ရက်အသုံးပြုသူများ၏ လုံခြုံရေးအသိပညာနည်းပါးမှုကြောင့် သတင်းအချက်အလက်များ ပေါက်ကြားမှုဖြစ်ပေါ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မိုးဦးကာလမှာ ဝမ်းပျက်ဝမ်းလျှောရောရောဂါ ကြိုတင်ကာကွယ်ပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပညာရေးဦးစီးဌာနမှ ဉာဏ်ရည်မြင့်မားတိုးတက်ဖို့ စာပေဖတ်မှတ်လေ့လာစို့ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲသို့ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။        

ကျော်စွာ (မြင်းခြံ)