ဗိုလ်တထောင်မြို့နယ်တွင် ဘိလိယက်နှင့် စနူကာပြိုင်ပွဲတွင် တံခွန်စိုက်ဆုရ အားကစားသမားများအား ဂုဏ်ပြုပွဲကျင်းပ

ဗိုလ်တထောင်    ဩဂုတ်   ၂၆

၂၀၂၂ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဘိလိယက်နှင့် စနူကာပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလား ရရှိခဲ့သည့် ဗိုလ်တထောင်မြို့နယ် အားကစားသမားများအား ဂုဏ်ပြုပွဲ အခမ်းအနားကို ယမန်နေ့ညနေ ()နာရီတွင် ဗိုလ်တထောင်မြို့နယ် အမှတ်()ရပ်ကွက်၊ ၄၅လမ်း၊ YMCA ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင် က ဂုဏ်ပြု အမှာစကားပြောကြားပြီး မြိုနယ်အားကစားမှူး ဦးသန်းဌေး က တံခွန်စိုက်ဆုရရှိအောင် ဝင်ရောက် ယှဉ်ပြိုင်မှုများကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် အားကစားသမားများက တံခွန်စိုက်ဆုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံပေးအပ်ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်အားက စားမှူး ဦးသန်းဌေးတို့က အောင်ပွဲရ အားကစားသမားများအား ဂုဏ်ပြုငွေများချီးမြှင့်ရာ အောင်ပွဲရ အားကစားသမားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

သိန်းသိန်း(ဗိုလ်တထောင်)