မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုညှိနှိုင်း အစည်းအဝေးကျင်းပ

သံတွဲ ဩဂုတ် ၂၆

မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပနိုင်ရေး အကြိုညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပသည်။

ရှေးဦးစွာ သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်နေ့တွက် ကျရောက်မည့် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် အထိမ်းအမှတ်ပြိုင်ပွဲများအား သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်နိုင်ရေးကိစ္စများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသည့် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ အမှတ် (၂၄) ယာဉ် ထိန်းရဲတပ်ဖွဲ့စု၊ ယာယီတပ်ဖွဲ့စုမှူး၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူးနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့က ဟောပြောပွဲနှင့်အထိမ်းအမှတ်ပြိုင်ပွဲများကျင်းပရေးနှင့်ပတ်သက်၍ ပူးပေါင်းပါဝင်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြရာ ခရိုင်ဦးစီးအရာရှိ လက်ထောက်ညွှန်ကြားရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် စာစီစာကုံးပြိုင်ပွဲများ ကျင်းပပြုလုပ်ရန် အကြိုညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်