ပန်းတနော် သြဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ရှေးဦးပြုစုခြင်း သိကောင်းစရာ အသိပညာပေး Talk Show ပြုလုပ်ခဲ့သည်။
ထိုသို့လုပ်ဆောင်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးစိုးက ရှေးဦးပြုစုခြင်း အသိပညာပေး Talk Show ကို Online မှတဆင့် ပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါ်သီတာလွင်က အသက်နှင့်ခန္ဓာကိုယ် တည်မြဲစေရန်၊ အခြေအနေ ပိုမိုမဆိုးဝါးသွားစေရန်၊ အမြန်ဆုံးပြန်လည် ကောင်းမွန်လာစေရန်၊ ဆေးအကူအညီအမြန်ဆုံး ရယူနိုင်စေရန် စသည့် ရည်ရွယ်ချက်များနှင့် ရှေးဦးပြုစုသူများ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ရှေးဦးပြုစုခြင်း ဆောင်ရွက်ခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူးများ၊ သတိပြုရမည့်အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)