ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေနှင့် ဆန်ဆီများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကျေးရွာအရောက် သွားရောက်ထောက်ပံ့

ဇီးကုန်း     စက်တင်ဘာ   

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေနှင့် ဆန်/ဆီများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ကံကလေးအုပ်စု သစ်စင် (မြောက်စုရွာ) ဆင်းရဲနွမ်းပါးသက်ကြီးဘိုးဘွားအား ယမန်နေ့ညနေ နာရီခွဲက အဆိုပါကျေးရွာသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

ဇီးကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် အဖွဲ့ဝင်များသည် ကံကလေးကျေးရွာအုပ်စု သစ်စင် (မြောက်စု)ရွာနေ ဆင်းရဲနွမ်းပါးသက်ကြီးအဖွား ဒေါ်မကြွေ ထံသို့ သွားရောက်၍ ဝန်ကြီးချုပ်မှ  ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေ (၅၀၀၀၀၀)ကျပ်နှင့် ဆန်အိတ် တစ်အိတ်၊ ဇီးကုန်းမြို့နယ် စားသုံးဆီကုန်သည်ကြီးများအသင်းမှ ဦးမောင်မောင်ဆွေမှ စားသုံးဆီ ပိဿာတစ်ပုံးတို့အား ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)