ကျောက်ဆည်မြို့နယ် ရန်ပုံနှစ်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ အဋ္ဌမအကြိမ်မြောက် ထုတ်ချေးပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ရန်ပုံနှစ်ကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာပြည်သူ များ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်းအဝယ်နှင့် သက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင် ဝင်ငွေတိုးပွားစေရေးအတွက် အရင်းမပျောက် မတည်လည်ပတ်ငွေဖြစ်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများအား ယနေ့နံနက် ၁၀ နာရီက အဋ္ဌမအကြိမ်မြောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ပုဂံမြို့၌ ရပ်ကွက်များတွင် သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက ပုဂံမြို့ ရပ်ကွက်များတွင် ရောင်းချပေးနေကြောင်းသိရသည်။

မိုင်းဆတ်မြို့၊ အ.လ.က(ကာန)ကျောင်းတွင် စစ်တုရင်ကစားနည်းသင်တန်းဖွင့်လှစ်သင်ကြား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၊ အ.လ.က(ကာန)ကျောင်းတွင် စစ်တုရင်ကစားနည်း သင်တန်းဖွင့်လှစ်သင်ကြားခြင်းကို အားကစားနှင့်ကာယပညာဦးစီးထာနမှ ဦးဆောင်၍ ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒုံဝန်းကျေးရွာတွင် သံဃာအပါး ၄၀၀ ကျော်အား ဆွမ်းဆန်စိမ်းလောင်းလှူပြီး ဆွမ်းဆက်ကပ်လှူဒါန်း

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာသို့ ဆွမ်းဆန်စိမ်းအလှူခံ ကြွရောက်လာသည့် ရွှေညောင်ပင်ပရိယတ္တိစာသင်တိုက်မှ စာသင်သား ရဟန်း၊ သာမဏေ သံဃာတော် ၄၀၀ ကျော်တို့အား ယနေ့နံနက်ပိုင်းက ဒုံဝန်းကျေးရွာ၊ ရတနာဇေယျုံကျောင်းတိုက်၌ ကျေးရွာနေ အလှူရှင်များက ဆွမ်းဆပ်ကပ်လှူဒါန်းပြီး ကျေးရွာနေပြည်သူများက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်များ လောင်းလှူခဲ့ကြကြောင်း သိရသည်။

သာပေါင်းမြို့နယ်တွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့မှ မြို့အဝင်ဂိတ်တွင် စစ်ဆေးခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က ကြပ်မတ်စစ်ဆေးခြင်းများကို ယနေ့ စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီ အချိန်မှ စတင်၍ ကွက်ပြင်ကျေးရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာရှိ မြို့အဝင်စစ်ဆေးဂိတ်တွင် ဆောင်ရွက်ကြသည်။

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများကို မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေကျပ် ၁၁၆၃၉ သိန်း ထုတ်ချေးပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုး ရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားမိုးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် စဉ်ဆက်မပြတ် ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၁ ရက်နေ့အထိ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေကျပ် ၁၁၆၃၉ သိန်း ထုတ်ချေးဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ ဦးစန်းသော်ထံက သိရသည်။

နတ်မောက်မြို့နယ် န/လက်ခုပ်ပင်ကျေးရွာတွင် တစ်နိုင်တစ်ပိုင်ဘရာဇီးငှက်ပျောစိုက်ပျိုး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် န/လက်ခုပ်ပင်ကျေးရွာရှိ စိုက်ပျိုးရေးတောင်သူများသည် ဥယျာဉ်ခြံမြေများနှင့် နေအိမ်ခြံဝန်းအတွင်း မြေကွက်လပ်များတွင် မိသားစုဝင်ငွေတိုးလုပ်ငန်းအဖြစ် ဘရာဇီးငှက်ပျောများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလာကြကြောင်း သိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်း၍ စာရေးဆရာ မောင်သာမည ရေးသားထားသည့်  “ အောင်မြင်ခြင်းနှင့်ရှုံးနိမ့်ခြင်း ’’ စာအုပ်ဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုများ နေ့စဉ် ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်အတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကာကွယ်တားဆီးရေးအတွက် ကာကွယ်ဆေးထိုးနှံမှုများကို နေ့စဉ် ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လအထိ အကြိမ်ပြည့် ကာကွယ်ဆေးထိုးနှံပြီးစီးသူ (၄၈၅၀၀၁)ဦး ရှိကြောင်း သိရသည်။

ကျုံပျော်တွင် စားဝတ်နေရေးခက်ခဲသော ပြည်သူများအား ဆန်(၁)ပြည်လျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် မန်းကြာကျေးရွာအုပ်စုရှိ စားဝတ်နေရေးခက်ခဲသော ပြည်သူများအား ဆန်(၁)ပြည်လျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခြင်းကို အဆိုပါကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်းအတွင်း၌ ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
Subscribe to