ကျွန်းလှမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် ပဲစင်းငုံသီးနှံ လျာထားဧကထက် ကျော်လွန်စိုက်ပျိုး

စစ်ကိုင်တိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ပဲစင်းငုံသီးနှံ လျာထားဧကထက် ကျော်လွန်စိုက်ပျိုးကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပဲခူးတိုင်းဒေသကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

မြောင်းမြမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း Software Program ထည့်သွင်းခြင်း လုပ်ငန်းများ သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) များအား Software Program ဖြင့် ထည့်သွင်းဆောင်ရွက်နေမှု လုပ်ငန်းအား လျာထားချက်အတိုင်း အချိန်မီပြီးစီးရေးကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် လူဦးရေ ၁၅၁၇ ထည့်သွင်းပြီးစီးကြောင်း သိရသည်။

မိတ္ထီလာမြို့၊ သဖန်းပင်ရိုးကျေးရွာတွင် တည်ဆောက်လျက်ရှိသည့် ရေသန့်စင်စက်နှင့် ရေသန့်စက်ရုံ ရာနှုန်းပြည့်ပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာအုပ်စု၊ သဖန်းပင်ရိုးကျေးရွာတွင် ဒေသခံပြည်သူများ သန့်ရှင်းသော သောက်သုံးရေးဖူလုံစွာရရှိရေး ဆောင်ရွက်လျက်ရှိသည့် ရေသန့်စင်စက်နှင့် ရေသန့်စင်စက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း ဓါတ်မှန်နှင့်ဆေးစပ်ခြင်းဆိုင်ရာ ဆေးဘက် ကျွမ်းကျင်အဆင့် (၄) နှင့် ဆေးမှတ်တမ်းများဆိုင်ရာ စိစစ်ရေးမှူးအဆင့် (၄) (၆) လ သင်တန်း ဖွင့်ပွဲအခမ်းအနားတက်​ရောက်

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ဓါတ်မှန်နှင့်ဆေးစပ်ခြင်းဆိုင်ရာ ဆေးဘက်ကျွမ်းကျင် အဆင့် (၄) နှင့် ဆေးမှတ်တမ်းများဆိုင်ရာ စိစစ်ရေးမှူး အဆင့်(၄) (၆)လသင်တန်းဖွင့်ပွဲ အခမ်း အနားကို ယမန်နေ့ မွန်းလွဲပိုင်းက ​မော်လမြိုင်အ​ထွေ​ထွေ​ရောဂါကု​ဆေးရုံကြီး၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ သင်တန်းသား၊ သင်တန်းသူများ တက်​ရောက်ခဲ့သည်။

မြောင်းမြမြို့၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် ဌာနဆိုင်ရာများ/ ကျောင်းများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊

ပေါက်ခေါင်းမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်ပျိုးမည့် တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၁၆ နေ့နံနက်ပိုင်းကစတင်၍ ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့နံနက် က အနောက်ကြို့ကုန်းကျေးရွာအုပ်စုရှိ တောင်သူ(၁၉၇) အတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ကသာခရိုင်အဆင့်ဌာနဆိုင်ရာ အခွန်အခများ ကောက်ခံရရှိမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်း ဘဏ္ဍာရေးနှစ်များ၏ အခွန်အခကြွေးကျန်များ ကောက်ခံရရှိရေး၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များအတွက် ကသာခရိုင်အဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပလောက်မြို့တွင် မွေးကင်းစမှ အသက်(၃)နှစ်အရွယ်ထိ ကလေးသူငယ်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ မွေးကင်းစမှအသက်(၃)နှစ် အရွယ်ထိ ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့နံနက် (၈) နာရီအချိန်မှစ၍ ပလောက်တိုက်နယ် ကျန်းမာရေးဌာန တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့၌ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု/ပြည်နယ်) ရန်ပုံငွေြဖင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ပတ်သက်၍ တင်ဒါအောင်ကုမ္ပဏီများအား အခွန်ဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အခမ်းအနား ကျင်းပ

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု/ပြည်နယ်) ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ တင်ဒါအောင်ကုမ္ပဏီများအား အခွန်ဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း က လွိုင်ကော်မြို့၊ ကယားပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးရုံးခန်း၌ ကျင်းပခဲ့သည်။
Subscribe to