မိုင်းယု စက်တင်ဘာ ၂
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ ရောဂါသည် ပပျောက်လုနီးပါးအချိန်ဖြစ်ခဲ့သော်လည်း ယခုအခါ ဒေသအချို့တွင် ပြန်လည် ကူးစက်မှုများရှိလာသဖြင့် ရောဂါကြိုတင်ကာကွယ်ရေးအတွက် မြို့ဝင်လမ်းဆုံနေရာနှင့် ဒေသတွင်းရှိဈေးဆိုင်တို့တွင် နှာခေါင်းစည်း (Mask Campaign) ပြုလုပ်ခြင်းနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အသိပညာပေးနှိုးဆော်မှုကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြ သည်။
အဆိုပါ ဆောင်ရွက်ခြင်းကို ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့် ကော်မတီအဖွဲ့ဝင်များက နှာခေါင်း စည်းမတပ်ဘဲ သွားလာကြသည့် ကုန်တင်ယာဉ်နှင့်လိုင်းကား မောင်းနှင်သူများ၊ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများနှင့် လမ်းသွားလမ်းလာ ပြည်သူများကို နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် နှာခေါင်းစည်း (Mask) များ တပ်ဆင်သွားလာစေရေး၊ ဈေးဆိုင်ရှေ့ကြိုးတန်း၍ ရောင်းချစေရေးနှင့် အခြား ကိုဗစ် -၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းနှင့်ပတ်သက်သည့် စည်းမျဉ်းစည်း ကမ်းများကိုလည်း အသိပညာပေးနှိုးဆော်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်