ဇီးကုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းသို့ ထောက်ပံ့ငွေနှင့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်

ဇီးကုန်း     စက်တင်ဘာ   

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အတွင်းရှိ လူမှုဝန်ထမ်းမှ အသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းသို့ ထောက်ပံ့ငွေနှင့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ နာရီက ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ပပဝင်း က ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီလတ်နှင့် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိတို့က ထောက်ပံ့ငွေ (၉၆၀၀၀၀)ကျပ်နှင့် သင်ထောက်ကူပစ္စည်းများကို ပေးအပ်ရာ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း တာဝန်ခံ ဒေါ်ရင်မြိုင် က လက်ခံရယူခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)