အထက်မင်းလှ စက်တင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် အသိပေးကြေညာခြင်းကို ယမန်နေ့ညနေ ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ရပ်ကွက်၊ ကျေးရွာ များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာခဲ့သည်။
ထိုသို့ အသိပေးကြေညာရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံထားရှိမှသာ ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်ပြီး၊ ကာကွယ်ဆေးလွှမ်းခြုံနိုင်ရေး အတွက် ရပ်ကွက်/ကျေးရွာများတွင် ဆေးထိုးစုရပ်သတ်မှတ်ပြီး ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ချိတ်ဆက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံကြပါရန် အသိပေးကြေညာခဲ့ကြကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)