မြို့သစ် စက်တင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် စည်ပင်သာယာစျေးအတွင်းသို့ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းဒေသမှထွက်ရှိလာသည့် ခရမ်းချဉ်သီးများပုံမှန်စျေးကောင်းရရှိနေကြောင်း သိရသည်။ အဆိုပါအောင်ပန်းဒေသထွက်ခရမ်းချဉ်သီးများသည် လက်ရှိမြို့သစ် မြို့စည်ပင်သာယာစျေးအတွင်းသို့ တစ်ရက်လျှင် ခြောက်ဘီးကားနှစ်စီးဖြင့် သုံးရက်တစ်ခါရောက်ရှိပြီး စျေးနှုန်းမှာလည်း ယခင်ရက်များ ထက်စျေးကောင်းရရှိနေကြောင်း၊ လက်ရှိတွင် ခရမ်းချဉ်သီး တစ်ပိဿာကို (၁၈၀၀) ကျပ်/ (၂၀၀၀) ကျပ် စျေးဝန်ကျင်ရရှိကြောင်း သိရသည်။ လက်ရှိမှာခရမ်းချဉ်သီးက အောင်ပန်းဒေသကဘဲထွက်ရှိပြီး ဝင်ရောက်လာတာပါ ကျန်တဲ့ဒေသကခရမ်းချဉ်သီးတွေက စျေးကွက်အတွင်း ဝင်ရောက်လာတာနည်းနေလို့၊ မနှစ်ကခရမ်းချဉ်သီးစျေးမကောင်းဘူး၊ အရှုံးပေါ်တာကြောင့် တောင်သူတွေဒီနှစ်မစိုက်တော့ဘူး၊ ခရမ်းချဉ်သီးစိုက်ဧကတွေထက် ဝက်ခန့်လျော့သွားတယ်၊ ဒါ့ကြောင့်ခရမ်းချဉ်သီးစျေး ကောင်းရရှိနေတာဟု ကုန်သည်တစ်ဦးက ပြောသည်။
အဆိုပါအောင်ပန်းဒေသထွက် ခရမ်းချဉ်သီးများသည် လက်ရှိတွင် မြို့သစ်မြို့စည်ပင်သာယာစျေးကွက်သို့ သုံးရက်တစ်ကြိမ် ဝင်ရောက်လျက်ရှိပြီး ခရမ်းချဉ်သီးစျေးကွက်မှာလည်း စျေးကောင်းပုံမှန်ရရှိကြောင်း သိရသည်။
သန်းဝင်ထွန်း(ပြန်ဆက်)