ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဒေသခံပြည်သူများအား ပါးစပ်နှာခေါင်းစည်း (Mask)အခုရေ ၁၀၀၀ အခမဲ့ ဖြန့်ဝေ

ဆိပ်ကြီးခနောင်တို  စက်တင်ဘာ  

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လတ်တလောတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု  မရှိသော်လည်း ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ နာရီတွင် မြို့နယ်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ မြို့နယ်နေ ပြည်သူများ နေအိမ်ပြင်ပထွက်တိုင်း မဖြစ်မနေ Mask တပ်ဆင်ရေးအတွက် ပါးစပ် နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေမှူး ဦးကျော်မင်းထွန်း ဦးဆောင်၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် လူမှုရေးပရဟိတအဖွဲ့ဝင်များက မြို့နယ်အတွင်း လူစည်ကားရာနေရာဖြစ်သည့် ဆိပ်ကြီး အရှေ့ရပ်ကွက်ရှိရွေရန်ကုန်စက်တပ်ရေယာဉ် (သမ္ဗန်)ဂိတ်အနီးတွင်   ရန်ကုန်မြို့ထဲသို့ သွားရောက် အလုပ်လုပ်ကိုင်ရာမှ ပြန်လာကြသည့် ဒေသခံပြည်သူများ၊ ဆိုင်ကယ်ကယ်ရီနှင့် ဆိုက်ကား မောင်းနှင်/စီးနင်းသူများ၊ ဈေးရောင်း/ ဈေးဝယ်များ၊  အကြောင်းအမျိုးမျိုးဖြင့် နေအိမ် ပြင်ပသွားလာသည့် မြို့နယ်နေပြည်သူများအား မဖြစ်မနေ ပါးစပ်နှင့် နှာခေါင်းစည်း Mask တပ်ဆင်ရေးအတွက် Mask အခုရေ ၁၀၀၀ အား ပြည်သူများလက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့ပြီး စနစ်တကျတပ်ဆင်ရေး အသိပေးပြောကြားခဲ့ကြောင်း သိရသည်။

ဝေယံ(IPRD)