လောင်းလုံးမြို့နယ်၌ အသက်မွေးဝမ်း ကျောင်းအထောက်အကူပြုလုပ်ငန်း အမျိုးသမီးအပ်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

လောင်းလုံး  စက်တင်ဘာ ၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် အသက်မွေးဝမ်း ကျောင်းအထောက်အကူပြုလုပ်ငန်း၊ အမျိုးသမီးအပ်ချုပ်စက် (၂)လသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးရဲခေါင်က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းနှင့်ပတ်သက်သည့်အကြောင်းအရာများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းခိုင်က ရှင်းလင်းပြောကြားကာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် ဆုရရှိသူများအား တာဝန်ရှိသူများကချီးမြှင့်၍ ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးရဲခေါင်၊ ခရိုင်ဦးစီးမှူး ဦးထက်အောင်၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်နှင့် ဌာနဆိုင်ရာများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

သိန်းသိန်း(လောင်းလုံး)