ကျောက်ဆည် စက်တင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက် မြို့တော်ခန်းမတွင် ယနေ့နံနက် (၉)နာရီခွဲက စတုတ္ထအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများဆက်လက်ထိုးနှံပေးလျက်ရှိရာ (၁၅၂၅) ဦး ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းဝင်များ ပူးပေါင်း၍ ထိုးနှံပေး ခဲ့ခြင်းဖြစ်ကြောင်းနှင့် သတ်မှတ်အကြိမ်တွင် ပြည်သူများ လာရောက်ထိုးနှံရေး ဆော်ဪခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ပထမအကြိမ်တွင်(၂၁ဝ၇၁၇)ဦး၊ ဒုတိယအကြိမ်တွင်(၁၈၇၂၉၉)ဦး၊ တတိယအကြိမ်တွင်(၂၄၁၁၈)ဦးနှင့် စတုတ္ထအကြိမ်တွင်(၁၅၂၅)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးရေးကော်မတီထံမှ သိရှိရသည်။
သက်မောင်(ကျောက်ဆည်)