မရမ်းကုန်း စက်တင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀:၀၀ နာရီ က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တို့အား အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် စစ်ကြောင်း( ၅) ကြောင်းဖွဲ့စည်းထားရှိပါကြောင်း၊ အဆိုပါစစ်ကြောင်းများတွင် တာဝန်ပေးအပ်ခြင်းခံရသည့် မြိုနယ့်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများအနေဖြင့် စစ်ကြောင်းတစ်ခုချင်းအလိုက် လုပ်ငန်းများဆောင်ရွက်နိုင်ရေးနှင့် ဆောင်ရွက်မှုများအား အချိန်နှင့်တစ်ပြေးအညီ တင်ပြပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာသူများမှ ဆောင်ရွက်မည့်အကြောင်းအရာများအား ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)