မိုင်းဆတ်မြို့၌ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များလှည့်လည်ငှားရမ်းပေး

မိုင်းဆတ် စက်တင်ဘာ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်(၁၁)နာရီတွင် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် မြို့သစ်ရပ်ကွက်၊ မြို့နယ် သာသနာရေးရုံး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးများမှ စာဖတ်ပရိသတ် လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာအုပ်၊ စာစောင်များလှည့်လည်ငှားရမ်းပေးကို အပတ်စဉ်ဆောင်ရွက်လျက်ရှိရာ  ယခင်အပတ်က ငှားရမ်းထားသော စာအုပ်၊ စာစောင်များ ပြန်လည်အပ်နှံခြင်းကို လက်ခံဆောင်ရွက်ခဲ့ကြသည်။

ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအနေဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ်များ၊ စာပေဝါသနာရှင်များ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ အမှား၊ အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်၊ စာဖတ်သည့်အလေ့အထများရရှိစေရန်နှင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်ငှားရမ်း ဖတ်ရှုနိုင်ခြင်းမရှိသည့် စာဖတ်ပရိသတ်များ အဆင်ပြေစွာ ငှားရမ်းဖတ်ရှုနိုင်စေ ရန်ရည်ရွယ်၍ လှည့်လည်ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)