ပြည်ကြီးမဏ္ဍိုင် စက်တင်ဘာ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ထိုးနှံပေးလျက်ရှိသည်။
အဆိုပါကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြင့် ကလေးငယ်များအတွက် ပြင်းထန်တီဘီရောဂါ၊ပိုလီယိုအ ကြောသေရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ဆုံဆို့၊ကြက်ညှာ၊ မေးခိုင်အသည်းရောင်အသားဝါ(ဘီ)၊ဦးနှောက်အမြှေးရောင်ရောဂါ၊အဆုတ်ရောင် ရောဂါ၊ဝက်သက်ရောဂါ၊ဂျိုက်သိုးရောဂါစသည့်ရောဂါများကို ကာကွယ်ပေးမည်ဖြစ်သည်။
ကာကွယ်ဆေးထိုးနှံပေးရာသို့ ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်၊ လေညာအရှေ့ရပ်ကွက်၊ လေညာအနောက်ရပ် ကွက်၊ထင်းမယ်၊ ပျဉ်းမချောင်းနှင့် ရတနာပုံကျေးရွာရှိ(၂)လမှ(၁)နှစ်ခွဲရှိသည့် ကလေးငယ်များလာ ရောက်ထိုးနှံခဲ့ကြသည်။
ကေခိုင်ဝင်း(ပြန်/ဆက်)