ပျော်ဘွယ် စက်တင်ဘာ ၂
ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပျော်ဘွယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများပူးပေါင်းပါဝင်သည့်အဖွဲ့နှင့် ကျေးရွာနေဒေသခံပြည် သူများနှင့်တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီခွဲက တောတွင်လှကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းက ဒေသဖွံ့ဖြိုးရေးအတွက်လိုအပ်သည်များကို ဖြည့်ဆည်းနိုင်ရေးအတွက် ယခုကဲ့သို့ဌာနဆိုင်ရာဝန် ထမ်းများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့်လာရောက်ခြင်းဖြစ်ကြောင်းကို ရှင်းလင်းဆွေးနွေးပြီးရမည်းသင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးဇော်မျိုးထက်က နိုင်ငံတော်အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာ(၁၂)ခုမှ တာဝန်ရှိသူတို့က မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်သူ လူထုနှင့်ဆက်စပ်လုပ်ကိုင်ဆောင်ရွက်နေမှု အခြေအနေများ၊ ရပ်ကွက်နှင့်ကျေးရွာ များအလိုက်ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေ အနေများကို ရှင်း လင်းဆွေးကြသည်။
ထို့နောက် တက်ရောက်လာသည့်ကျေးရွာပြည်သူများက ကျေးရွာအတွင်းဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်နေသည့် လုပ်ငန်းများကိုဆောင် ရွက်ပေးနိုင်ရန် ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလွင်နှင့် သက်ဆိုင်ရာဌာနများမှ ဖြည့်ဆည်းဆောင် ရွက်ပေးနိုင်မည့်အခြေအနေများကို ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
၎င်းနောက် ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့သည် ကျေးရွာနေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံမှုနှင့် မှတ်ပုံတင်ပြုလုပ်ခြင်းလုပ်ငန်းဆောင်ရွက်မှုတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)