ဟားခါးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ကြည့်ရှုအားပေး

ဟားခါး  စက်တင်ဘာ  ၃

ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဟားခါးမြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းဝင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်ကြည့်ရှု အားပေးသည်။

ထိုသို့ ပြည်သူ့အကျိုးပြုစုပေါင်းသန့်ရှင်းရေး ဆေင်ရွက်ရာတွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ  တပ်မတော်သားများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများက အမှတ် ( ၁ ) အခြေခံ ပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ ခြုံနွယ်ပိတ်ပေါင်းများနှင့် ပေါင်းမြက်များခုတ်ထွင် ရှင်းလင်းခြင်းနှင့် အမှိုက်ကောက်ခြင်းတို့ကို စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင်၊ စစ်ဗျူဟာအခြေချ (ဟားခါး) မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေကြသည့် တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။

ခရိုင်(ပြန်/ဆက်)