မော်လမြိုင် စက်တင်ဘာ ၃
၂ဝ၂၂ ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား (၁ဝ) မြို့နယ်၊ အသက် (၁၆) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မော်လမြိုင်မြို့၊ ကျောင်းသား အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် ဝန်ကြီး ချုပ်ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားဝါသနာရှင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ မွန်ပြည်နယ် ဝန်ကြီးချုပ်က (၁ဝ) မြို့နယ်၊ အသက် (၁၆) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပေါင်မြို့နယ် ဘောလုံးအသင်းနှင့် သံဖြူဇရပ်မြို့နယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးပြီး ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမား ဆု၊ နေရာအလိုက် အကောင်းဆုံး ကစားသမားဆု၊ ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိကြသည့် ပြိုင်ပွဲဝင်အသင်းများကို ဝန်ကြီးချုပ်နှင့်ဝန်ကြီးများမှ ဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆု တို့အား ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ခရိုင်ပြန်/ဆက်)