ကွန်ဟိန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်

ကွန်ဟိန်း စက်တင်ဘာ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စာကြည့်တိုက်လက်ထောက်-(၃) ဒေါ်ဇင်မာသွယ်က ပြိုင်ပွဲအား ကျောင်းသားလူငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်၊ စိတ်ကူးဉာဏ်ရင့်သန်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနော် ပြိုင်ပွဲဝင် ကလေးငယ်များမှ စိတ်ကြိုက်ဆေးရောင်ခြယ်ခြင်းဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး တာဝန်ရှိသူများက ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း၊ အဆိုပါ ပြိုင်ပွဲသို့ ကျောင်းသားလူငယ် ၂၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)