ညောင်ဦးမြို့၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေး

ညောင်ဦး စက်တင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချခြင်းအား ယနေ့နံနက် ၉ နာရီအချိန်မှစတင်ပြီး ညောင်ဦးမြို့ ရပ်ကွက်များအလိုက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နေပြည်သူများ ချက်ပြုတ်စားသောက်မှုကိစ္စများ တစ်ဖက်တစ်လမ်းမှ အဆင်ပြေကြစေရန် မီးဖိုချောင်သုံးစားအုန်းဆီများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ရာ လူတစ်ဦးလျှင် ငါးဆယ်သားကို ၂၇၅၀ ကျပ်နှုန်းဖြင့် မည်သူမဆိုဝယ်ယူနိုင်ရေး ညောင်ဦးမြို့ (က) နယ်မြေ(၁)ရှိ သိရိမင်္ဂလာရပ်တွင် Mobile ကားဖြင့်လိုက်လံရောင်းချလျက်ရှိကြောင်း သိရသည်။ အဆိုပါ Mobile ကားဖြင့် ရပ်ကွက်နေပြည်သူများ လက်ဝယ်အရောက် ဈေးနှုန်းချိုသာစွာရောင်း ချပေးလျက်ရှိရာ စားအုန်းဆီပိသာချိန် ၆၆၀၀ ပိသာရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။

ကိုကြေးမုံ