စလင်း စက်တင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စလင်းမြို့နယ် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းဝေးခန်းမဆောင်တွင် ဝါစိုက်ပျိုးတိုးချဲ့ လုပ်ကိုင်သည့် တောင်သူများအား ကွန်ပေါင်းဓာတ်မြေသြဇာထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီ ၄၅ မိနစ်ချိန်က ထောက်ပံ့ပေးအပ်ခဲ့သည်။
စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနမှ ဝါစိုက်ပျိုးတိုးချဲ့ လုပ်ကိုင်သည့်တောင်သူများကို ကွန်ပေါင်းဓာတ်မြေသြဇာထောက်ပံ့ပေးအပ်ပွဲတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးနေလင်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်လင်းမှ ဝါစိုက်ပျိုးတိုးချဲ့ လုပ်ကိုင်သည့် တောင်သူများအား ကွန်ပေါင်းဓာတ်မြေသြဇာ ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ တောင်သူများအား မျိုးကောင်းမျိုးသန့်နှင့် အထွက်နှုန်း ပိုမိုထွက်ရှိပြီး တောင်သူတစ်ဦးခြင်းစီအလိုက် ဝင်ငွေတိုးပွားလာစေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးမြင့်လင်း၊ သက်ဆိုင်ရာဌာန အသီးသီးတို့မှ ကျေးရွာအုပ်စု (၉)အုပ်စုမှ တောင်သူ(၃၅၈)ဦး၊ ကွင်းပေါင်း(၂၃)ကွင်း စိုက်ဧက(၇၇၉)ဧကအတွက် တစ်ဦးလျှင် ကွန်ပေါင်း ဓာတ်မြေသြဇာ အိပ်ကြီးတစ်ဝက်စီနှင့် စုစုပေါင်းတန်ဘိုးငွေကျပ် (၃၁၁၆၀၀၀၀) ကျပ်တန်ဘိုးရှိ ကွန်ပေါင်း ဓာတ်မြေသြဇာများကို တက်ရောက်လာကြသည့် မကျီးဖျား၊ ညောင်လင်းဇင်း၊ ရုံးပင်ကန်၊ အင်ကြင်းပင်လှ၊ ကျွန်းရင်း၊ အိုးသည်၊ ကန်တော်၊ ဒေါင့်ဘိုး၊ ဖောင်းလင်းကျေးရွာအုပ်စုများမှ တောင်သူများ (၃၀)ဦး နှင့် စိုက်ပျိုးရေးဝန်ထမ်းများက ကွန်ပေါင်းဓာတ်မြေသြဇာပေးအပ်ပွဲအား တက်ရောက်ကြပြီး ကျေးရွာရပ်ကျေးအုပ်ချုပ်ရေးမှူးများမှတဆင့် ထောက်ပံ့ ပေးအပ် ခဲ့ကြောင်း သိရှိရသည်။
မောင်လွင်(စလင်း)