ညောင်ဦး စက်တင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်နေသော တောင်ဇင်းတိုက်နယ် ညောင်တိုတဲတိုက်သို့ ယနေ့နံနက် ၉ နာရီအချိန်က ဝေမျှခြင်းပရဟိတ (ရန်ကုန်) မှ သောက်သုံးရေ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဝေမျှခြင်းပရဟိတမိသားစု(ရန်ကုန်)မှ ညောင်တိုတဲတိုက်သို့သောက်သုံး ရေဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း၊ ဝေမျှခြင်းပရဟိတအသင်းအနေဖြင့် ညောင်ဦးမြို့နယ် အတွင်း သောက်သုံးရေလှူဒါန်းခြင်းများအား မေလကုန်နှင့်ဇွန်လလယ်တို့တွင် သောက်သုံးရေ လှူဒါန်းမှုအား ရပ်နားလေ့ရှိသော်လည်း ယခုနှစ် ဩဂုတ်လကုန်ထိ မိုးရွာသွန်းမှုနည်းပါးပြီး ကျေးရွာများမှီခိုအားထားနေသည့် မြေသားရေလှောင်ကန်များအတွင်း ရေဝင်ရောက်မှု မရှိခြင်းများကြောင့် ဝေမျှခြင်းပရဟိတ (ရန်ကုန်)အသင်းမှဆက်လက် သောက်သုံးရေများ ဆက်လက်လှူဒါန်းပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ညောင်တိုတိုက်တွင် အိမ်ခြေ ၄၀ ကျော်၊ လူဦးရေ ၂၀၀ ကျော်နေထိုင်ကြပြီး ထန်းတောင်သူလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး မိုးရာသီ၌သာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြကြောင်း သိရသည်။
ကိုကြေးမုံ