(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်ရောက်ကြမည့် ဘီးလင်းမြို့နယ်မှ ပြိုင်ပွဲဝင်များအားထောက်ပံငွေပေးအပ်

ဘီးလင်း စက်တင်ဘာ ၃

မွန်ပြည်နယ်တွင် ကျင်းပပြုလုပ်မည့် ၂ဝ၂၂ ခုနှစ်၊ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များအား ထောက်ပံငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါထောက်ပံငွေ ပေးအပ်ရာတွင် ​၂ဝ၂၂ ခုနှစ်၊ (၂၃) ကြိမ်မြောက် မွန်​ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ဘီးလင်းမြို့နယ်ကိုယ်စားပြု အဆိုပြိုင်ပွဲဝင် ၄ ဦး၊ အကပြိုင်ပွဲဝင် ၁ ဦး၊ အရေးပြိုင်ပွဲဝင် ၁ ဦး၊ အတီးပြိုင်ပွဲဝင် ၅ ဦး ၊ စုစုပေါင်း ၁၁ ဦးဖြစ်ပြီး ပြိုင်ပွဲဝင်ရောက် ကြမည့်သူများအတွက် ဘီးလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူအောင်က ထောက်ပံ့ငွေကျပ် ၁၀ သိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်-၁ ဗိုလ်မှူးနိုင်အောင်ထွန်းက ထောက်ပံ့ငွေကျပ် ၅သိန်းနှင့် ဒေသကိုယ်စားလှယ် ဦးအောင်ချိုဦးက ထောက်ပံ့ငွေကျပ် ၃ သိန်းတို့အား ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

ထူးနောင်