ဓနုဖြူမြို့နယ်တွင် ငါးသယံဇာတ တိုးပွားရေးအတွက် သဘာဝရေပြင်အတွင်း ငါးမျိုး စိုက်ထည့်

ဓနုဖြူ စက်တင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ တော်ဝချောင်းမ၊ သဘာဝရေပြင်အတွင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး၊ ငါးရိက္ခာ ဖူလုံစေရေး၊ ငါးသယံဇာတများ ရေရှည်တည်တံ့စေရေးနှင့် ကျေးလက်နေ ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိစေရေးအတွက် ငါးမျိုးစိုက်ထည့်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။ 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်၊  အဖွဲ့ဝင်() ဦးစိန်မောင်ဝင်း၊ ဒုမြို့နယ်ရဲမှူး တင့်လွင်၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဆန်းဝင်း၊ မအူပင် ခရိုင်နှင့်ဓနုဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မအူပင်မြို့နယ် အောင်ဟိတ်ငါးလုပ်ငန်းစခန်း တာဝန်ခံနှင့်အဖွဲ့၊ တော်ဝကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အင်းသားကြီးများ၊ ရေလုပ်သားများ တက်ရောက် ကြပြီး အောင်ဟိတ် ငါးသားဖောက်စခန်းမှ ငါးမြစ်ချင်းငါးသားပေါက် ကောင်ရေ (၃၀၀၀၀၀) ထိုင်းငါးခုံးမ ငါးသားပေါက်ကောင်ရေ (၁၀၀၀၀၀) စုစုပေါင်း ငါးသား‌ပေါက် ကောင်ရေ (၄၀၀၀၀၀)ကို တော်ဝကျေးရွာ၊ တော်ဝချောင်းမ သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)