ပုဗ္ဗသီရိ စက်တင်ဘာ ၃
ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာအုပ်စု နေပြည်တော်ကောင်စီလမ်းဘေးရှိ ဧက(၅၀၀)ကွင်းအတွင်းရှိ၊ ကွင်းအမှတ် (၁၆၃၆က) တောင်သူဦးတင်ထွန်းအပိုင် လယ်(၅)ဧကပေါ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရက်သည့် ဓါတ်မြေသြဇာနှင့် သဘာဝမြေဩဇာ (၁:၃)ရောစပ်ကြဲပက်ပွဲနှင့် တမန်းနှိုးစက်ဖြင့် တမန်းနှိုးခြင်း၊ ဆေးဖျန်း စက်ဖြင့် ဆေးဖျန်းခြင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းထိန်၊၊ စက်မှုလယ်ယာဦးစီးဌာန တိုင်းဦးစီးမှူးဦးနိုင်ဦး၊ ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးသန်းဇော်ထူး၊ ပုဗ္ဗသီရိမြိုနယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌဦးစိန်ကြည်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး သန်းနိုင်ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ လာရောက်လေ့လာသူတောင်သူလယ်သမားများ တက်ရောက်သူအင်အားစုစုပေါင်း (၈၀)ဦးခန့် တက်ရောက်ခဲ့ကြည်သည်။
အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်သူတွေ ချမ်းသာဖို့လိုကြောင်း၊ ဖွံ့ဖြိုးတိုးတက်ဖို့လိုကြောင်း၊ ကျေးလက်နေ ပြည်သူတွေဟာ စိုက်ပျိုးရေးနဲ့မွေးမြူရေးကို အဓိကထားလုပ်ကိုင်ကြတဲ့အတွက် မိမိတို့စိုက်ပျိုးရေး လုပ်ငန်းတွေမှာ သဘာဝဓာတ်မြေသြဇာတွေကို အသုံးပြုသင့်ကြောင်း ၊ ဓာတ်မြေဩဇာနဲ့ သဘာဝမြေဩဇာနဲ့ရောစပ်ပြီး အသုံးပြုခြင်းကြောင့် ဓာတ်မြေသြဇာရဲ့ အာဟာရ ဓာတ်ကိုလည်း ပြည့်ပြည့်ဝဝရသလို သဘာဝမြေဩဇာရဲ့အဟာရကိုလည်း ရရှိမှာ ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ စက်ကိရိယာများကို အသုံးပြုခြင်းကြောင့် အချိန်ကုန်သက်သာပြီရေးလုပ်ငန်းများ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နိုင်မှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူး ဦးဝင်းထိန်မှလယ်ယာကဏ္ဍဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သော ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြခဲ့ပြီး စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးနိုင်ဦးမှ စိုက်ပျိုးရေသုံးစက် ကိရိယာများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော တောင်သူတစ်ဦးမှ လက်တွေ့ လုပ်ဆောင်မှုများအား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့်တာဝန်ရှိသူများက ဓါတ်မြေသြဇာနှင့်သဘာဝမြေဩဇာ (၁:၃) ရောစပ်ကြဲပက်ပွဲနှင့် တမန်းနှိုးစက်ဖြင့် တမန်းနှိုးခြင်း၊ ဆေးဖျန်းစက်ဖြင့် ဆေးဖျန်းခြင်း သရုပ်ပြနေမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)