ညောင်ဦးမြို့နယ် ပုဂံမြို့ မြင်းကပါကျေးရွာမှ ယွန်းလုပ်သား ၅၀ ဦးအား မီးဖိုချောင်သုံး ပစ္စည်းများလှူဒါန်း

ညောင်ဦး စက်တင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ မြင်းကပါကျေးရွာ၌ ဝေမျှခြင်း ပရဟိတမိသားစုက စက်တင်ဘာ ၄ ရက်၊ နံနက် ၁၀နာရီအချိန်က ယွန်းလုပ်သား ၅၀ ဦး အတွက် မီးဖိုချောင်သုံးချက်ပြုစားစရာများလှူဒါန်းပေးခဲ့ကြောင်းသိရသည်။

ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုသည် ညောင်ဦးမြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ကျေးရွာများ၊တဲတိုက်များသို့ သောက်သုံး ရေလှူဒါန်းခြင်း၊ အခြေခံပညာကျောင်းသုံး ဗလာစာအုပ်၊ဘောပင်၊ ခဲ့တံ၊ ပေတံ၊များအား အခါအားလျှော်စွာ ကျောင်းသားကျောင်းသူများအား လှူဒါန်းခြင်းများ လှူဒါန်းလေ့ရှိကာ ယခုအခါ ယွန်းလုပ်သားအခြေခံလူတန်းစားများ လတ်တလောအဆင်ပြေစေရန်အတွက် ယွန်းလုပ်သား ၅၀ ဦးအတွက် တစ်ဦးလျှင် ဆန် ၃ ပြီ၊ ဆီ ၅၀ ကျပ်သား၊ ကြက်ဥ ၁၀လုံး စီအား ဝေမျှခြင်းပရဟိတအသင်း (ရန်ကုန်)မှ လှူဒါန်းပေးခဲ့ကြောင်း အေးမေတ္တာသောက် သုံးရေအလှူတော်အသင်းမှ ဦးဝင်းမင်းထွန်းထံက သိရသည်။

ကိုကြေးမုံ