မော်လမြိုင်ကျွန်းမြို့နယ် အတွင်းရှိ အနှေးယာဉ် လုပ်သားကြီးများ ယာဉ်အန္တရာယ် ကင်းဝေးစေရေး အတွက် ရှေ့/နောက် ရောင်ပြန်စတေကာများ ကွင်းဆင်းကပ်ပေး

မော်လမြိုင်ကျွန်း စက်တင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ အနှေးယာဉ် လုပ်သားကြီးများ ယာဉ်အန္တရာယ် ကင်းဝေးစေရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာစေရန် ရည်ရွယ်၍ ရောင်ပြန်စတေကာများ ကွင်းဆင်းကပ်ပေးခြင်း လုပ်ငန်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းများအား မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းဇော်နှင့် တာဝန်ရှိသူများ၊ မြို့နယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့များမှ မြို့နယ်အတွင်း လူစည်ကားရာ လမ်းမကြီး တစ်လျှောက်မှ အနှေးယာဉ်ဂိတ်များမှ အနှေးယာဉ်များအား ရောင်ပြန် စတေကာများ ကွင်းဆင်း ကပ်ပေးခဲ့ကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)