လွိုင်လင် စက်တင်ဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းက စားသုံးသူ လက်ဝယ်အရောက် တိုက်ရိုက် လက်လီလက်ကားစနစ်ဖြင့် ဆီ(၁) ပိသာလျှင် ၅၄၀၀ ကျပ်နှုန်းဖြင့် ယနေ့နံနက် (၇)နာရီက မြို့မဈေးကြီး အနောက်ဘက်တွင် ရောင်းချလျက်ရှိကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် စားသုံးသူပြည်များမှာ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန် လက်လီ လက်ကား လာရောက်ရောင်းချပေးခြင်း ဖြစ်ကြောင်း၊ စားသုံးသူ မိဘပြည်သူများ ပြေလည်စေရန် ရည်ရွယ်၍ လာရောက် ရောင်းချပေးခြင်း ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
လွိုင်လင်မိုး