ညောင်ဦး စက်တင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း မွေးကင်းစမှ ဆယ်လအတွင်း မသန်စွမ်း ကလေးငယ်များ ရှိပါက သတ်မှတ်ပုံစံများ ဖြည့်စွက်၍ Baby Carrier များ ဆက်သွယ် ရယူနိုင်ကြောင်း ပုဂံမြို့ ရတနာဘုံစံ တောရကျောင်း အရှင်သာဂရထံမှ သိရသည်။
အဆိုပါ Baby Carrier များအား မသန်စွမ်း ကလေးငယ်များအတွက် မွေးကင်စမှ ဆယ်လအတွင်း ကလေးများအား Honbeot Welfare Foundation/ Mahar CO ..,LTD/ Taxation Service Corporation Ji-pyeong လှူဒါန်းပေးမည်ဖြစ်ရာ သတ်မှတ်ဖောင်ပုံစံ များဖြစ်သည့် အမည်၊ အဖအမည်၊ မွေးသက္ကရာဇ်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ် ဖြည့်စွက်ရန် သတ်မှတ်ဖောင်များအား ညောင်ဦးမြို့၊ မဏိစည်သူဈေးအနီး မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံတွင် လည်းကောင်း၊ ပုဂံအနီးတဝိုက်ဖြစ်ပါက ရတနာဘုံစံတောရကျောင်း အရှင်သာဂရထံတွင် ဆက်သွယ်၍ ဖောင်များအား ရယူနိုင်ကြောင်း သိရသည်။
လျှောက်ထားသည့် လူဦးရေများပါက ညောင်ဦးမြို့ တစ်နေရာရာတွင် လှူဒါန်းပွဲပြု လုပ်ပေးမည် ဖြစ်ပြီး၊ လူဦးရေနည်းပါက သတ်မှတ်နေရာများတွင် မိမိတို့အစီအစဉ်ဖြင့် သွားရောက် ယူဆောင်ရမည် ဖြစ်ကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်း သူမှပြောကြား၍ သိရသည်။ အသေးစိတ် အချက်အလက်များကို သိရှိလိုပါက ဖုန်းနံပါတ် ၀၉-၂၅၁၀၀၇၇၇၂၊ ၀၉-၆၆၀၁၀၆၅၀၀ တို့သို့ ဆက်သွယ်စုံးစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။
ကိုကြေးမုံ