မအူပင် စက်တင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် မအူပင်ခရိုင်၊ မအူပင်မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ပြည်သူများ ပလတ်စတစ်အိတ် သုံးစွဲမှု လျော့နည်းစေရေးအတွက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားရှိမှုအား လိုက်နာဆောင်ရွက်မှုရှိစေရေး စိစစ်ကြပ်မတ် စစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်မှ စတင်၍ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင် ကမ်းသာယာဈေး၊ မြို့မဈေးနှင့် ၃ လမ်း ပျံကျဈေးများတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအေးသိန်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဈေးကော်မတီများက စျေးရောင်းချသူများ အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်အိတ်များ အစား အင်ဖက်၊ ကြာဖက်၊ ငှက်ပျောဖက်နှင့် စက္ကူတို့ဖြင့် သင့်ရာအစားထိုး ထုတ်ပိုးသုံးစွဲစေရေးအတွက် ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အပတ်စဉ် လိုက်လံ ကြီးကြပ်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)